လှုပ်လှုပ်ရှားရှား မှုခင်းရုပ်ရှင်ဖြစ်တဲ့ Gangnam Blues (Gangnam 1970) ကို ဒါရိုက်တာ ယိုဟ က ရိုက်ကူးပြီး မြန်မာပရိသတ် တော်တော်များများ သဘောကျကြတဲ့ မင်းသား လီမင်ဟိုနဲ့ Love Story in Harvard (တစ်ခါတုန်းက တက္က သိုလ်)မှာ ပါဝင် ခဲ့တဲ့ ဇာတ်ဆောင်မင်းသား ကင်ရေးဝန်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Gangnam Blues ဟာ ၁၉၇၀ ခုနှစ်အလွန် ဝရုန်းသုန်းကားဖြစ်နေတဲ့ လူမှုရေး၊ နိုင်ငံရေး အခြေအနေတွေကြားထဲကနေ ဆိုးလ်မြို့ရဲ့ ဂန်းနမ်စီရင်စုက အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်လာပုံကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ် ပါ။ ဒီထဲမှာနိုင်ငံရေး သြဇာအာဏာနဲ့ ရာဇဝတ်မှု ကျူးလွန်ကြတဲ့ အဖွဲ့အစည်းတွေကြားထဲက လွန်ဆွဲပွဲတွေရယ်၊ လိမ်လည်မှုတွေရယ်ကြောင့် ငယ်စဉ်တောင်ကျေး ကလေးဘဝတည်းက ပေါင်းသင်းခင်မင်လာတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ရင်းနှီးချစ်ခင်မှုကို စမ်းသပ်ခံရတဲ့အကြောင်း ရိုက်ကူးပုံဖော်ထားပါတယ်။
၁၉၇၀ ခုနှစ်ဝန်းကျင် နိုင်ငံရေးပိုင်းမှာခြစားမှု
ငွေအတွက်ဆိုရင် ဘာမဆို လုပ်တတ်ကြတဲ့ သူတို့ဟာ ထိတ်လန့်ဖွယ်ရာ နိုင်ငံရေး ပဋိပက္ခတွေ မှာ ပါဝင်ခဲ့ကြပြီး အဖွဲ့တစ်ခုနဲ့တစ်ခု ထိပ်တိုက် တွေ့ကာ ပစ်ခတ်ကြတဲ့အချိန်မှာ ကွဲကွာသွားခဲ့ကြတယ်။ သုံးနှစ်ကြာပြီးတဲ့နောက် ဂျောင်ဒေး ဟာ အရင်က ဂိုဏ်းစတားတစ်ဦးဖြစ်ခဲ့တဲ့
Gangnam Blues ဟာ ထုတ်လုပ်ခဲ့သမျှ ကိုရီးယားရုပ်ရှင်တွေထဲမှာ ဖန်တီးထားပုံ အလှဆုံး နဲ့ အလတ်ဆတ်ဆုံးဖြစ်တယ်ဆိုပြီး ဝေဖန်ထား ကြသလို ဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်မှုက ဘာမှသိပ်မထူးခြားတဲ့အပြင် တည်းဖြတ်မှု အပိုင်း မှာလည်း ရှုပ်ယှက်ခတ်နေတယ်ဆိုပြီး ပြောထား တာကိုလည်း တွေ့ရပါတယ်။ လီမင်ဟိုရဲ့ သွေးအေး တဲ့ ဂိုဏ်းစတားတစ်ယောက်ရဲ့ ဟန်ပန်က အဆင် ပြေပေမယ့် ကင်ရေးဝမ်ရဲ့ သရုပ်ဆောင်မှုကအနည်းငယ် ပေါ့ပျက်ပျက်ဖြစ်တယ်လို့လည်
(ရုပ်ရှင်အညွှန်းကို People.com.mm မှကူးယူဖော်ပြပါသည်။)
File size…(999MB)
Quality…Blu-ray Rip 720pFormat…mp4
Duration….2:21:22
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Post a Comment